Saturday, January 19, 2013

Jan 20, 12:00noon, govt still attacking KIA

Jan 20, 12:00noon, govt still attacking KIA from La Ja Yang. Fierce fighting in Hka Ya Bum, Jan Mai Post, Hpa Kant area, and La Ja Yang. Sorry Pres. Thein Sein, no one is listening ur order?
Like · · · 31 minutes ago via mobile ·

  • Khin Mgoo ၂၀ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ် နံနက် ၉ နာရီ ၅ မိနစ်
    ယနေ့ နံနက် ၉ နာ ၅ မိနစ်တွင် ခါရာ ဒေသတောင်ကြော (လိုင်ဇာနှင့် ၅မိုင်ဝန်းကျင်ခန့်) ဝေးသော နေ၇ာတွင်နေပြည်တော် လက်အောက်ခံ မြန်မာ စစ်တပ်မှ တပ်မ ၁၀၁ မှတပ်ရင်း ၃ ရင်း တပ်မ ၈၈ မှ တပ်ရင်း ၄ ရင်း မပခ တိုင်းမှ တပ်ရ
    င်း ၃ ရင်း စကခ (၃)မှ တပ်၇င်း ၂ ရင်း စုစုပေါင်း တပ်း၇င်း ၁၁ ခု လူအင်အား၅၀၀မှ ၆၀၀ ထိရှိပြီး ထိုးစစ်ဆင်လာသောကြောင် ကေအိုင်အေ နယ်မြေစောင့်ကြပ်တားဆီးေ၇း တပ်ဖွဲ့များနှင့် လက်၇ှိ တိုက်ပွဲများမြေပြင်တွင် အကြီးအကျယ်ဖြစ်ပွားလျှက်ရှိပြီး စစ်ရေးအရှိန်အား မြန်မာစစ်တပ်ဘက်မှ ထပ်မံ တိုးမြင့်လာသည်။
    ခါရာ တောင်ကြောပေါ်တ၀ိုက်တွင် စစ်တိုက်လေယာဉ်အတွက် ရှေ့ပြေးကင်းထောက်လေယာဉ်က ၉နာ၇ီ မိနစ် ၂၀ တွင် အပေါ်မှ ပျံဝဲနေပြီး မကြာခင် စစ်တိုက်လေယာဉ်များ ရောက်ရှိလာနိုင်ပြီး ဗုံးကျဲမှုများ ဖြစ်ပေါ်လာမည်ဟု လက်ရှိ တိုက်ပွဲအတွင်းရောက်နေသော အေဘီအက်ဒီအက်ဖ်(မြောက်ပိုင်းမှ) တာဝန်ရှိသူ တဦးက ပြောသည်။
    ယခုလက်ရှိအခြေနေဖြစ်ပေါ်နေသော တိုက်ပွဲများအရ "နေပြည်တော်မှ သမ္မတ ဦးသိန်းစိန်က ခံစစ် ခံစစ်ဟု နိုင်ငံတကာတွင် ၀ါဒဖြန့်ပြောဆိုနေမှုသည် လက်တွေ့တွင် ခံစစ်မဟုတ်ရပဲ ကြီးမားသော ထိုးစစ်များကိုသာ လုပ်နေပါတယ်" ဟု ရှေ့တန်းတွင် ထိပ်တိုက်ရင်ဆိုင်နေရသော ကေအိုင်အေ ဗိုလ်ကြီး အဆင့်ရှိသူက ပြောကြားပါသည်။
    ယခုလက်ရှိ ရင်ဆိုင်တိုက်ပွဲဖြစ်နေသောအနေထားအရ ခါ၇ာ တောင်ကြောမှ လိုင်ဇာသို့ တိုက်ရိုက် ပစ်ခတ် ထိုးဖေါက် ၀င်ရောက်သိမ်းပိုက်ရန် ရှိနေပါကြောင်း တင်ပြပါသည်။
    သတင်းရင်းမြစ်
    လိုင်ဇာ
    ဂိုလ်ရှယ်လေး တင်ပြပေးပို့ပါသည်။
    သတင်းရေးချိန် နံနက် ၉နာရီ ၄၀ မိနစ်၊ ၂၀ရက် ဇန်နာဝရီလ ၂၀၁၃

0 comments:

Post a Comment